Departmental Objectives

မြန်မာစာဌာန

 ရည်ရွယ်ချက်

မြန်မာစာကိုဆေးပညာပထမနှစ်ဘာသာရပ်အဖြစ်ဆေးတက္ကသိုလ်ကျောင်းသားတို့အား သင်ပေး ရခြင်း ရည်ရွယ်ချက်များမှာ ဆေးပညာဖြင့် ပြည်သူလူထုအား အကျိုးပြုရာတွင်လည်းကောင်း၊ လုပ်ငန်း ခွင်အတွင်း အချင်းချင်းဆက်ဆံရာတွင်လည်းကောင်း၊ ဆက်သွယ်ပြောဆိုမှု ရေးသားမှု အဆင်ပြေထိ ရောက်စေရန်၊ အဓိက လိုအပ်ချက်ဖြစ်သော မြန်မာဘာသာစကား၊ မြန်မာအရေးအသား မြန်မာ့ကျင်ဝတ် ဆိုင်ရာ ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတ၊ ခံယူချက်သဘောထားတို့ကို ဖြည့်ဆည်းပေးရန်။

အသိပညာ ဗဟုသုတ (Knowledge)

၁။        မြန်မာစာ အရေးအသားဆိုင်ရာအခြေခံအချက်များကို သိရှိနားလည်လာစေရေး။

၂။         အခြေခံမြန်မာ့ လူမှုကျင့်ဝတ် သိက္ခာများကိုသိရှိနားလည်သဘောပေါက်လာစေရေး။

ကျွမ်းကျင်မှု (Skill )

၃။        မြန်မာစာနှင့်စကားကိုထိရောက်၊ မှန်ကန်၊ သိပ်သည်း၊ ရှင်းလင်းစွာရေးသား ပြောဆိုနိုင်ရေး။

၄။        ကျန်းမာရေးဆိုင်ရာစာပေများ ရေးသားမှုတွင်အခြေခံရရှိစေရေး။        

၅။        ဘာသာပြန်အတတ်ပညာတွင်အခြေခံရရှိစေရေး။

သဘောထားခံယူချက် (Attitude)

၆။        ပြည်သူတို့ကလေးစားထိုက်သောစိတ်နေသဘောထားများ၊ ကျင့်ဝတ်သိက္ခာများ တိုးတက်မှု ရရှိစေရေးတို့ဖြစ်ပါသည်။

ဤရည်ရွယ်ချက်များအရမြန်မာစာကိုသင်ကြားရာ၌သင်ကြားရေးအထောက်အကူဖြစ်စေရန်

အောက်ပါတို့ကိုပြဌာန်းစာအဖြစ်သတ်မှတ်ပါသည်။

၁။        မြန်မာစာပေကို ရေးသားပုံနည်းစနစ်နှင့် အစီအစဉ်တကျ ရေးတတ်စေရန် ရေးနည်းလေးမျိုး နှင့်စာစီစာကုံး သင်ကြားခြင်း။

၂။         မြန်မာအဘိဓာန်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး၊လေ့လာတတ်စေရေးအတွက် အဘိဓာန်သင်ကြားခြင်း။

၃။        မြန်မာစာရေးသားရာတွင်လည်းကောင်း၊ ကျန်မာရေးဆိုင်ရာ စာများကို ရေးသားရာတွင်လည်း ကောင်း၊ လိုရင်းတိုရှင်းနှင့် ထိထိရောက်ရောက် မိမိစကားဖြင့် ရေးတတ်စေရန် အနှစ်ချုပ် သင်ကြားခြင်း

၄။        စိတ်နေစိတ်ထား၊ ကျင့်ဝတ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည့် ဗဟုသုတများပေးသောစကားပြေ သင်ကြားခြင်း။

၅။        ကိုယ်ချင်းစာတရားနှင့် စိတ်ကောင်းစေတနာကောင်းများ ပွားများစေနိုင်သည့် ရသခံစားမှုပေး သော ကဗျာ သင်ကြားခြင်း။

၆။        အင်္ဂလိပ်ဘာသာကို မြန်မာဘာသာဖြင့် အများပြည်သူနားလည်နိုင်စေရန် ဆီလျော်အောင် ဘာသာပြန် ဆိုတတ်စေရန် ဘာသာပြန် အခြေခံသင်ကြားခြင်း။

၇။       ကျန်မာရေးလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက်  လုပ်ဖော်ကိုင်ဖက်  အချင်းချင်းနှင့် လည်း ကောင်း၊ ပြည်သူများနှင့် ဆက်ဆံရာတွင်လည်းကောင်းချောမောပြေပြစ်စွာဆွေးနွေးတတ်၊  စည်းရုံးတတ်၊ ဟောပြောတတ်စေရန်၊ စကားဟောပြောနည်း သင်ကြားခြင်း။

၈။        သင်ကြားပြီးသောမြန်မာစာဘာသာရပ်ကိုပြန်လည်ဆွေးနွေးစစ်ဆေးမှုပြုလုပ်ရန် နည်းပြတန်း  အချိန်များကိုသတ်မှတ်ပြီး သင်ကြားပို့ချပေးပါသည်။

 

 
 

More Tags